မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးကုသမှုခံယူ သီတင်းသုံးနေသည့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား
မန္တလေးပြည်သူ့ဆေးရုံကြီး ၉ ထပ်ဆောင်ရှိ အထူးသီးသန့်ခန်းတွင် တက်ရောက်ဆေးကုသမှု ခံယူသီတင်းသုံးနေသည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ (သက်တော် ၉၃နှစ်၊ သိက္ခာတော် ၇၃ဝါ)အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့က ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြသည်။