တောင်သာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်သာ မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့၌၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက ၂၀၂၅ ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် ဖြေဆိုမည့် စာစစ်ဌာန(၄)ခုရှိ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ လုံခြုံရေးကို ဆောင်ရွက်နိုင်စေရေးနှင့်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ရုတ်တရက်ကျန်းမာရေးဖြစ်လာပါက ဆေးဝါးကုသမှု ပြုလုပ်ပေးနိုင်ရန်နှင့် ပြည်သူ့ဆေးရုံတွင်လည်း စာစစ်ဌာနအဖြစ် ကြိုတင်ပြင်ဆင်ထားရှိရန်၊ ဖြေဆိုသည့်စာစစ်ဌာနနှင့် နီးကပ်သည့်ပတ်ဝန်းကျင်ရှိ အိမ်များအား မီးသုံးစွဲမှုများကို နေ့စဉ်လိုက်လံစစ်ဆေးပေးရန် လုံခြုံရေးအသိ လုံခြုံရေးသတိရှိစေရန်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှလည်း မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်လုံခြုံရေးများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)