မြစ်သားမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံ‌ဘောလုံးပြိုင်ပွဲအတွက် ဘောလုံးအားကစား‌သမား‌ကောင်းများ‌ ရွေးချယ်နိုင်ရေးအတွက် နေ့စဉ်လေ့ကျင့်သင်ကြား‌

မြစ်သား မတ် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အသက်(၁၈) နှစ်အောက် လူငယ်ဘောလုံးအားကစားသမားများအား မန္တလေး တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်းစုံ‌ဘောလုံးပြိုင်ပွဲတွင်‌ အားကစားသမားကောင်းများရွေးချယ်နိုင်ရေအတွက် မြို့နယ် ဘောလုံးအားကစားကွင်းတွင် နေ့စဉ်လေ့ကျင့်‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ဘောလုံးအားကစားတိုးတက်အောင်မြင်ရေးအတွက် ပြိုင်ပွဲဝင်ဘောလုံအား ကစားသမားများ၏ အဓိကကျသည့်အခြေခံအချက်များဖြစ်သည့် ဘောလုံးကန်နည်းအခြေခံကျွမ်းကျင်မှု၊ ဘောလုံးပိုင်ဆိုင်မှုစွမ်းရည်၊ အသင်း၏စည်းလုံးညီညွတ်မှု၊ ဂိုးသွင်းမှုစွမ်းရည်စသည်များကို ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးချင်း သိရှိနားလည်ပြီး အောင်မြင်သည့် ဘောလုံးအသင်းဖွဲ့စည်းနိုင်ရေးအတွက် မြစ်သားမြို့နယ်မှ လူငယ်ဘောလုံးအားကစားသမားများအား နံနက် ၇ နာရီမှ ၁၀ နာရီခွဲ နှင့်ညနေ၃ နာရီခွဲမှ ၆ နာရီ တစ်ရက် (၂) ကြိမ်နေ့စဉ်လေ့ကျင့်‌သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)