မြင်းခြံ မတ် ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံ ကျန်းမာရေးအဖွဲ့များမှ မြင်းခြံအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အလုပ်ရုံခန်းမတွင် ပြုလုပ်ခဲ့သည်။
မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာနေဝင်းသိန်းဦးအောင်၍ မြင်းခြံအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/သူများအား အရေးပြားရောဂါ၊ မျက်စိရောဂါ၊ အရိုး အကြောရောဂါ၊ ခွဲစိတ်ရမည့်အခြေအနေနှင့် အထွေထွေရောဂါများကို စစ်ဆေးပေးခဲ့ပြီ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြင်းခြံအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား (၂၄၇) ဦး၊ အကျဉ်းသူ (၁၄၅) ဦး စုစုပေါင်း (၃၉၂) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)