အများပြည်သူအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ဆောင်ရွက်

ညောင်ဦး မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ မီးသတ်ဦးစီးဌာနမှ စားသောက်ဆိုင်များ၊  လူနေအိမ်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းလှည့်လည် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းတို့ ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် မီးသတ်စခန်းမှ ဦးစီးအရာရှိ  ဦးကျော်နိုင်လင်းနှင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ညောင်ဦးမြို့ အမှတ်(၄)ရပ်ကွက်ရှိ လူနေအိမ်များနှင့် F I T လမ်းရှိ Zay Bar & B B Q စားသောက်ဆိုင်တို့အား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးတို့ဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း