မန္တလေးတိုင်းဒေသကြီး

ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာမီးလင်းရေးကော်မတီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အထိ လျှပ်စစ်ဓာတ်အားခ‌ကြွေးကျန် မရှိစေရေး ကြိုးစားဆောင်ရွက်ခဲ့သော ကျေးရွာမီးလင်းရေးကော်မတီများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ယနေ့ နံနက် (၉) နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းပြီး စာရေးဆရာမိုသျှန်း၏ “လူကြီးလူငယ်နှင့် ခေတ်အမြင် ခေတ်အတွေး”စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ရေဆင်း(၁၄) ကုလားပဲမျိုးစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၄) ကုလားပဲမျိုးများ စိုက်ပျိုးကြရာ ဒီဇင်ဘာလက စိုက်ပျိုးထားသည့် တောင်သူ ဦးဝင်းမြင့်၏ ကုလားပဲမျိုးစိုက်ခင်းများ စတင်ရိတ်သိမ်း‌ ခြွေလှေ့ရောင်းချလျက်ရှိကြောင်း သိရသည်။

နွေရာသီအားလပ်ရက် ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ လူမှုထူးချွန်စာကြည့်တိုက်ကော်မတီမှ ကြီးမှူးကျင်းပသော နွေရာသီအားလပ်ရက်အတွင်း အကျိုးရှိစေရန် ကျောင်းသား၊လူငယ်များ ဉာဏစွမ်းရည် ပြည့်ဝစေရန် အခြေခံပန်းချီ‌ရေးဆွဲနည်းသင်းတန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ဝါတိုးရပ်ကွက်ရှိ လူမှုထူးချွန်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွားတက်၊ သင်းဒီး၊ အထက်လင်းဇင်း မြောင်းရေများဖြင့် နွေစပါးနှင့်နွေနှမ်းသီးနှံ(၁၀၉၆၃)ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံများ စိုက်ပျိုးရာ၌ သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများကို ရေမြောင်းများဖြင့် အလှည်ကျပေးဝေလျက်ရှိကြောင်းနှင့် (၂၀၂၄-၂၀၂၅)ခုနှစ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းခစန်းတွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးနှင့်နွေနှမ်းသီးနှံ (၁၀၉၆၃)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စွယ်တော်မြတ်စေတီ(မန္တလေး)၌ သတ္တမအကြိမ် နေ့၊ ညအသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီ (မန္တလေး)တွင်ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ် နေ့၊ ည အသံမစဲပဌာန်းရွတ်ဖတ်ပွဲဖွင့်ပွဲ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဘုရားပရဝဏ်အတွင်း၌ ကျင်းပခဲ့သည်။

တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေသီးနှံများစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး တောင်သူနည်းပညာပေးသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်အသင်းပေါင်းစုံ U-18 (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ကျောက်ပန်းတောင်းမြို့ လွတ်လပ်ရေးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဒုတိယပတ် ဆက်လက်သင်ကြားပေး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲအကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဒုတိယပတ်ကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး