မြစ်သား မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် ရေဆင်း(၁၄) ကုလားပဲမျိုးများ စိုက်ပျိုးကြရာ ဒီဇင်ဘာလက စိုက်ပျိုးထားသည့် တောင်သူ ဦးဝင်းမြင့်၏ ကုလားပဲမျိုးစိုက်ခင်းများ စတင်ရိတ်သိမ်း ခြွေလှေ့ရောင်းချလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်း ပိုမိုကောင်းမွန်သည့် ရေဆင်း (၁၄) ကုလားပဲမျိုးများကို ဒေသခံတောင်သူများက စိုက်ပျိုးကြကြောင်း၊ တစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့် မျိုးစေ့ထွန်ယက်ခနှင့် ဆေးဖိုးအပါအဝင် ငွေကျပ် (၂)သိန်းကျော် ကုန်ကျပြီး (၁)ဧက (၁၉)တင်းနီးပါး ထွက်ရှိခဲ့ပြီး တစ်တင်းလျှင် ၇၅၀၀၀/-ကျပ် ရောင်းချရသဖြင့် အမြတ်ငွေများ ရရှိကြကြောင်း တောင်သူ ဦးဝင်းမြင့်၏ ပြောကြားချက် အရသိရသည်
မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၉၂)အုပ်စုရှိ၍ ဒေသရေမြေသဘာဝ ထွက်ရှိမှု၊ ဝယ်ယူမှုစားသုံးမှုနှင့် ကိုက်ညီသော အထွက်ကောင်း ရေဆင်း (၁၄) ကုလားပဲမျိုးများကို ဒေသခံတောင်သူများက ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)