၂၀၂၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ သာသနာပြုလူပုဂ္ဂိုလ်နှင့်သာသနာနုဂ္ဂဟလူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင်ကျင်းပ
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ သာသနာပြုလူပုဂ္ဂိုလ်နှင့် သာသနာနုဂ္ဂဟ လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင်ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် မဟာဓမ္မိကာရာမတိုက်၊ ရတနာဘုံကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒအမှူးပြု၍ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြကြောင်း သိရသည်။