ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွားတက်၊ သင်းဒီး၊ အထက်လင်းဇင်း မြောင်းရေများဖြင့် နွေစပါးနှင့်နွေနှမ်းသီးနှံ(၁၀၉၆၃)ဧက စိုက်ပျိုး

ကျောက်ဆည် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံများ စိုက်ပျိုးရာ၌ သီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများကို ရေမြောင်းများဖြင့် အလှည်ကျပေးဝေလျက်ရှိကြောင်းနှင့် (၂၀၂၄-၂၀၂၅)ခုနှစ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းခစန်းတွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးနှင့်နွေနှမ်းသီးနှံ (၁၀၉၆၃)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၃)အုပ်စုရှိပြီး ဟံမြင့်မိုရ်ကျေးရွာအုပ်စု၌ နွေစပါး(၄၀၀)ဧက၊ နွေနှမ်း(၄၀၀)ဧက၊ လယ်ကြီးကျေးရွာအုပ်စု၌ နွေစပါး(၁၀၀၀)ဧက၊ နွေနှမ်း(၂၀၀)ဧက၊ ပုန်းညက်ကျေးကျေးရွာအုပ်စုတွင် နွေစပါး(၃၀၀)ဧက၊ နွေနှမ်း(၁၁၀၀)ဧက၊ ကျားကာကျေးရွာအုပ်စု၌ နွေစပါး (၆၇၅) ဧက၊ နွေနှမ်း(၆၄၀)ဧက၊ သံရွာကျေးရွာအုပ်စု၌ နွေနှမ်း(၆၅၀)ဧက၊ ခါးတက္ကုန်း ကျေးရွာအုပ်စု၌(၁၀၀)ဧက၊ နွေနှမ်း(၇၄)ဧက၊ ဆူးလေကုန်းကျေးရွာအုပ်စု၌ နွေနှမ်း(၉၄၀)ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စု၌ နွေစပါး(၁၈၀)ဧက၊ နွေနှမ်း(၈၉၀)ဧက၊ မြေစိုမိုးကျေးရွာအုပ်စု၌ နွေစပါး(၃၁၅)ဧက၊ နွေနှမ်း (၉၁၃)ဧက၊ ပဲခင်းကျေးရွာအုပ်စု၌ နွေစပါး (၄၆၀) ဧက၊ နွေနှမ်း(၈၆၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စု၌ နွေစပါး (၄၁၀)ဧက၊နွေနှမ်း(၄၅၆) စုစုပေါင်း(၁၀၉၆၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် တောင်တော်ကျေုးရွာအုပ်စုနှင့် ကင်းကျေးရွာအုပ်စုများတွင် ဆည်ရေပေး‌မြောင်းမရှိသည့်အတွက် စိုက်ပျိုးနိုင်ခြင်း မရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ နွေစပါး(၁၉၉၈၀)ဧက၊ နွေနှမ်း(၂၉၀၀၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး ရိတ်သိမ်းသည်အထိ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည်ကျ စနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)