ပျော်ဘွယ်မြို့နယ်တွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ပျော်ဘွယ် မတ် ၁၁

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ယနေ့ နံနက် (၉) နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မိမိတို့ဌာနတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို လူငယ်လူရွယ်များ အတွက်လည်း တတ်မြောက်ထားသင့်သည့် အကြောင်းအရာများကို ရွေးချယ်ကာ သင်တန်းများ ဖွင့်လှစ်ပေးနေမှုအခြေနေများ၊ ယနေ့အချိန်တွင် နွေရာသီကာလသည် အားလပ်ရက် ဖြစ်သောကြောင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးတိုကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းကို ဆက်လက်ပို့ချသည်။

နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို နည်းပြဆရာအဖြစ် ပြင်ပမှ ပညာရှင်တစ်ဦးက သင်ကြားပို့ချလျက်ရှိကြောင်း၊ အဆိုပါသင်တန်းကို (၁၀)ရက်တာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၂၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)