နွေရာသီအားလပ်ရက် ပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရမည်းသင်း မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ လူမှုထူးချွန်စာကြည့်တိုက်ကော်မတီမှ ကြီးမှူးကျင်းပသော နွေရာသီအားလပ်ရက်အတွင်း အကျိုးရှိစေရန် ကျောင်းသား၊လူငယ်များ ဉာဏစွမ်းရည် ပြည့်ဝစေရန် အခြေခံပန်းချီ‌ရေးဆွဲနည်းသင်းတန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ဝါတိုးရပ်ကွက်ရှိ လူမှုထူးချွန်စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လူမှုထူးချွန်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးဝင်းရွှေက လူငယ်များ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာရန် ရည်ရွယ်၍ ပန်းချီသင်တန်းဖွင့်လှစ်ရခြင်းကို ရှင်းလင်းပြောကြားပြီး ပန်းချီသင်တန်းဖြစ်မြောက်ရေး အလှူရှင်များအား ဂုဏ်ပြုလက်မှတ်ပေးအပ်သည်။

ထို့နောက် လူမှုထူးချွန်စာကြည့်တိုက်ကော်မတီအတွင်းရေးမှူး ဦးဟန်မောင်မှ ပန်းချီပြိုင်ပွဲ ထူးချွန်ဆုရွေးချယ်မှုကို ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက အငယ်တန်းပန်းချီပြိုင်ပွဲနှင့် အကြီးတန်းပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ဂုဏ်ပြုဆုပေးအပ်ကာ ပန်းချီသင်တန်းတက်ရောက်ကြသည့် သင်တန်းသား/သူ(၅၄)ဦးကို သင်တန်းဆင်း လက်မှတ်အသီးသီး ပေးအပ်ချီမြှင့်ပြီး သင်တန်းနည်းပြဆရာ ဦးအောင်စိုးအား ဂုဏ်ပြုမှတ်တမ်းပေးအပ်းသည်။

အဆိုပါ နွေရာသီအားလပ်ရက် ပန်းချီသင်တန်းကို မတ်(၁)ရက်မှ (၁၀)ရက်နေ့ထိ လက်တွေ့သင်ကြားခဲ့ကြောင်း သတင်းရသည်။

ဇော်ဝင်းအောင် (ပြန်/ဆက်)