မြစ်သားမြို့နယ်တွင် အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲ ကျင်းပ

မြစ်သား မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဆရာ၊ဆရာမများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်အခြေခံပညာအလယ် တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ဆွေးနွေးပွဲကို သင်တန်းနည်းပြများနှင့်အတူ ပူးပေါင်းပါဝင် ဆွေးနွေးနိုင်စေရန်နှင့်    သင်တန်းနည်းပြများ ဦးဆောင် ၍ သင်ကြားရေးတွင် ကျောင်းသားဗဟိုပြုနည်းဖြင့် ပါဝင်ဆွေးနွေးနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူ ရေးအထက်တန်း ကျောင်းကျန်စစ်သားခန်းမ၌ ဆွေးနွေးပွဲ ကျင်းပသည်။

အခမ်းအနားတွင် မြစ်သားမြို့နယ် ပညာရေးမှူး ဒေါ်ပြုံးကြည်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက အခြေခံပညာအလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။ အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာ အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းပြများ၊ ဒုတိယအလယ်တန်းပြများ၊ လက်ထောက်အလယ်တန်းပြများနှင့် မြို့နယ်အတွင်းရှိ  သင်တန်းသူ ဆရာ၊ဆရာမ စုစုပေါင်း ၂၂၃ ဦး တက်ရောက်လျက်ရှိပြီး ဆွေးနွေးပွဲကို မတ် ၂၄ ရက်မှ ၂၈ ရက်အထိ ဆွေးနွေးကြကြောင်း သိရသည်။ 

ဝင်းမင်းထွန်း(ပြန်/ဆက်)