မန္တလေးတိုင်းဒေသကြီး

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် နှစ်(၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်(၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀) နာရီက ဖြန့်ဝေ ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ် “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တံတားဦးခရိုင် တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု အိမ်မြင့်စံကျေးရွာ “ရွှေအိမ်စံ” စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲတို့ကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်တွင် ကျင်းပကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ မူလွန်(၂၀) စာသင်ကျောင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ မူလွန်(၂၀) စာသင်ကျောင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အကြို ပြပွဲ/ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် အခြေခံပညာအလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် ဆရာ/ဆရာမများ(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့်တန်း ဆရာ/ဆရာမများ(မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုသည့်သံဃာတော်များနှင့် သီလရှင်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်ဦး ကြည်ညိုအားပေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အ.ထ.က(၁)၌ ကျင်းပရာ စာမေးပွဲဖြေဆိုသည့် သံဃာတော်များနှင့် သီလရှင်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်တာဝန်ရှိသူများက ကြည်ညို အားပေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip-EP)အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း(Dip-EP) အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာပညာရေးဒီဂရီကောလိပ်ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းနှင့်ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်နေသော ကျောင်းသူ/သားများထံသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အချိုရည်ဘူးများနှင့် မုန့်များသွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်နေသော ကျောင်းသူ/သားများထံသို့ အချိုရည်ဘူးများနှင့် မုန့်များကို ယမန်နေ့ နံနက် (၉) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန် နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့ကြောင်း သိရသည်။

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်လှစ်ခြင်းနှင့် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားများ ကျင်းပ

နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တွင်း နိုင်လွန်ကတ္တရာလမ်းသစ်များ ဖွင့်လှစ်ခြင်းနှင့် ရတနာပုံဥယျာဉ်တွင် အရိပ်ရအပင်များ စုပေါင်းစိုက်ပျိုးခြင်း အခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး