မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ်အတွင်း ရေဖူလုံမှုရှိစေရေးအတွက် ရေအရင်းအမြစ်များကိုအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လူနေထိုင်မှုပမာဏ နှစ်စဉ်တိုးတက်လျက်ရှိပြီး သောက်သုံးရေနှင့်စိုက်ပျိုးရေများအတွက် ရေအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရေးနှင့် ရေဖူလုံမှုရှိစေရေးအတွက် ရေအရင်းအမြစ်များကို အခြေခံ၍ ရေသိုလှောင်နိုင်မှုနှင့် ရေတိုးချဲ့ဖြန့်ဝေပေးနိုင်ရေးအတွက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့သည်။

ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၇)ရွာတွင် နွေသီးနှံနွေနှမ်း (၄၆၅၉) ဧကလျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး နွေသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေနှမ်း (၄၆၅၉) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် မောက်လောက်ကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအား စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မောက်လောက်ကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအား  စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရန်အတွက် ယမန်နေ့က စိတ်လူမှုဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းဆောင်ရွက်သည့်အဖွဲ့ထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်ကျင်းပပြုလုပ်သော ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ကျင့်ရေးသင်တန်းကျောင်း (ပုသိမ်) တွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများတက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ထိုင်းနိုင်ငံဆေးကုသရေးအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးနေမှုများကို ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တာဝန်ရှိသူများလိုက်ပါပြီး မေလ (၄) ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ထိုင်းနိုင်ငံ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့်ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများ ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသော မြို့နယ်များရှိ ပြည်သူများအတွက် စိတ်လူမှုရေးပိုင်းဆိုင်ရာပံ့ပိုးခြင်း လုပ်ငန်းများဆောင်ရွက်

ငလျင်ဒဏ်သင့်မြို့နယ်များရှိ ပြည်သူများအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မြို့လှအုပ်စု သီးကုန်းကျေးရွာ သာသနာ့ဗိမာန်နှင့် ပျော်ဘွယ်မြို့နယ် ယင်းတော်(မြို့မ)၊ ဘုန်းကြီးကျောင်းတို့တွင် ဆောင်ရွက်ကြသည်။

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးတွင် မန္တလေးမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်၍ ဆွမ်းဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ အစရှိသည့် လှူဖွယ်များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများမှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် အန္တရာယ်ရှိအဆောက်အဦများကို  ဖယ်ရှားရှင်းလင်းနေမှုအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ လိုက်ပါပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများမှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် အန္တရာယ်ရှိအဆောက်အဦများအား ဖယ်ရှားရှင်းလင်းနေမှုများကို ယမန်နေ့က လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်၌ မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ မန္တလေးငလျင်ကြီးဘေးဒဏ်သင့် အိမ်ထောင်စုများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အ.ထ.က (၁၃) ကျောင်းတွင်   Camp (စခန်းသွင်း) ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်‌မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရသဖြင့် တက္ကသ်ိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ငလျင်ဒဏ်သင့် ကျောင်းသား၊ ကျောင်းသူများအတွက် အောင်ချက်မြင့်မားရေးနှင့် သင်ယူမှုများ ပိုမိုထိရောက် စေရန်အတွက် မဟာအောင်မြေမြို့နယ်တွင် အ.ထ.က (၁၃) ကျောင်းဝန်းအတွင်း၌ ဧပြီလ (၂၈) ရက်နေ့မှစ၍ Camp (စခန်းသွင်း) ဖွင့်လှစ်သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး