မန္တလေးတိုင်းဒေသကြီး

ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်ဆွေးနွေးပို့ချခြင်းကို မေလ (၂) ရက်နေ့ နံနက် (၁၀) နာရီက စံပြရပ်ကွက်ရှိ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

မိတ္ထီလာ၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံ သွေးလှူဌာန၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် မြို့နယ်မီးသတ်ဦးစီးဌာန၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်ဦးခရိုင်/ မြို့နယ်၌ (၇၉) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောကနန္ဒာစွယ်တော်မြတ်စေတီတော်နှင့်အာနန္ဒာဘုရားကြီးတို့ အတွင်းအပြင်တို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေသပ္ပာယ်ခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဝန်ထမ်းများသည် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မေ ၂ ရက်၊ နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ မီးသတ်တပ်ဖွဲ့နေ့ ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်းရှိ သမိုင်းအထင်ကရဘုရားတို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရေသပ္ပာယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ငလျင်ဒဏ်ဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများနှင့်အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်အတွင်း ငလျင်ဒဏ်ဘေးသင့် ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် လိုရာပြည့်စုံရန်မျိုးလုံပေါ်တော်မူ မြတ်စွာဘုရား (၅) ဆူဝင်းအတွင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူများနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွား

ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက် ၆၆လမ်း*၃၅လမ်းထောင့်ရှိ မြပါဝါစက်သုံးဆီ အရောင်းဆိုင် (၁) တွင် မေလ ၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် မုန်ပင်ဆည်စံပြကျေးရွာ၌ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဂုဏ်ပြုပူဇော်ပွဲနှင့် ဝိဇာတမွေးနေ့မင်္ဂလာပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မုန်ပင်ဆည်စံပြကျေးရွာ၌ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ဂုဏ်ပြုပူဇော်ပွဲနှင့် သက်တော် ၈၄ နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မုန်ပင်ဆည်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မန္တ​လေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသောသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္ဓေတပ်ဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်သန္ဓေတပ်ဖွဲ့ဝင်များက နေ့စဥ်အဆက်မပြတ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအတွက် Day Camp စခန်းသွင်း လေ့ကျင့်သင်ကြား

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ တံတားဦးခရိုင်အတွင်းရှိ တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့မှ ကျောင်းသား/ သူများအတွက် Day Camp စခန်းသွင်းလေ့ကျင့်ငသင်ကြားနေမှုကို ယနေ့နံနက် (၈) နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက် ကန်ဝန်မင်းကြီးကျောင်းတိုက်တွင် ငလျင်ဘေးသင့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူနှင့် နိုင်/ ဧည့်/ ပြုစိစစ်ရေးကတ်ပြားမိတ္တူ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၆၀လမ်း၊ ၁၂၈လမ်းနှင့်၁၂၉လမ်းကြားရှိ ကန်ဝန်မင်းကြီးကျောင်းတိုက်၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်သွားသည့် မန္တလေးငလျင်ကြီး ကြောင့် ငလျင်ဒဏ်ခံရသည့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူနှင့် နိုင်/ဧည့်/ပြုစိစစ်ရေး ကတ်ပြားမိတ္တူတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သွင်နှင့်အဖွဲ့ဝင်ဝန်ထမ်း (၂၀) ဦးတို့က ယနေ့နံနက် (၉) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပရဟိတအသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ပရဟိတအသင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို မေလ ၂ ရက်နေ့ နံနက် (၁၀) နာရီတွင် စိတ္တရမဟီရပ်ကွက် ဆုတောင်းရဘုရားအတွင်း၌ ပေးအပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး