မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ထိုင်းနိုင်ငံဆေးကုသရေးအဖွဲ့မှ ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးနေမှုများကို ကြည့်ရှုအားပေး

ချမ်းအေးသာစံ မေ ၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တာဝန်ရှိသူများလိုက်ပါပြီး မေလ (၄) ရက်နေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးတွင် ထိုင်းနိုင်ငံ ဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့်ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများ ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသအား ဖူးမြော်၍ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးရှိ ဆွမ်းစားဆောင်တွင် ထိုင်းနိုင်ငံဆေးကုသရေးအဖွဲ့က သံဃာတော်များနှင့် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများ ကုသပေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်