မန္တလေးတိုင်းဒေသကြီး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ရွှေကြက်ကျဗုဒ္ဓဆင်းတုတော်ဘုရား ပြန်လည်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရွှေကြက်ကျဘုရားသို့ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ရွှေကြက်ကျစေတီ၌ ကိုးကွယ်ထားသော ဗုဒ္ဓဆင်းတုတော်ဦး ပြန်လည်ပြင်ဆင်နေမှုကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒန်း

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲက ပျော်ဘွယ်မြို့၊ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးငလျင်ကြောင့် ပျက်စီးသွားသောရွှေကြက်ကျဗုဒ္ဓ ဆင်းတုတော်ဘုရားပြန်လည်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရွှေကြက်ကျဘုရားသို့ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ရွှေကြက်ကျစေတီ၌ ကိုးကွယ် ထားသော ဗုဒ္ဓဆင်းတုတော်ဦးပြန်လည်ပြင်ဆင်နေမှုကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ၍ ဂုဏ်ပြုဆုများချီးမြှင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မေလ(၅)ရက်နေ့နံနက် ၇ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ မီးသတ်ဦးစီးဌာနရုံးအပေါ်ထပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်‌ကျွေးပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများမှမြို့ပေါ် (၆) ရပ်ကွက်ရှိကိုယ်ဝန် ဆောင်မိခင်များနှင့်မွေးကင်းစမှ (၁) နှစ်ခွဲအောက်ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်‌ကျွေးပေးခြင်းကို မေလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါမိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရန် ကျောင်းသား၊ ကျောင်းသားများအား Day Camp စခန်းသွင်း ဆက်လက်လေ့ကျင့်သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မန္တလေး‌မြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ကျင်းပဖြေဆိုမည်ဖြစ်ရာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောင်းများတွင် ပြန်လည်ဖြေဆိုရန် ဆန္ဒရှိသည့်ကျောင်းသား/ကျောင်းသူများအား မေလ(၂)ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့်နေရာများမှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက် အဦများနှင့် အန္တရာယ်ရှိ အဆောက်အဦများကို  ဖယ်ရှားရှင်းလင်းနေမှုအား လိုက်လံကြည့်ရှု

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများမှ ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများနှင့် အန္တရာယ်ရှိအဆောက်အဦ များအား ဖယ်ရှားရှင်း လင်းနေမှုများကို မေလ(၃)ရက်နေ့က လိုက်လံကြည့်ရှုခဲ့သည်။

ညောင်ဦးခရိုင်၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကျင်းပ

မေလ ၅ ရက်နေ့၊ ယနေ့ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ မေ ၅ ရက်၊ နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စုများအတွက် စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံပိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ငလျင်ဒဏ်သင့်မြို့နယ်များအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနမှ စိတ်လူမှုဆိုင်ရာပံ့ပိုးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို  Social worker (၆) ဦးတို့က မေလ ၅ ရက်နေ့နံနက်ပိုင်းက မန္တ​လေးအောင်မြေသာစံမြို့နယ်၊ ပြည်လုံး ချမ်းသာရပ်ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်တို့ရှိ ယာယီစခန်းများတွင် ပြုလုပ်ဆောင်ရွက်ကြ သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး