ကျောက်ဆည်မြို့နယ် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၇)ရွာတွင် နွေသီးနှံနွေနှမ်း (၄၆၅၉) ဧကလျာထားစိုက်ပျိုး

ကျောက်ဆည် မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံရေး နွေသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေနှမ်း (၄၆၅၉) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၃)အုပ်စုရှိပြီး နွေနှမ်းသီးနှံများကို ကျားကာကျေးရွာအုပ်စုတွင်(၅၅၀)ဧက၊ ခါးတက္ကုန်းကျေးရွာအုပ်စုတွင်(၅၀)ဧက၊ ဆူးလေးကုန်းကျေးရွာအုပ်စုတွင်(၉၄၀)ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စုတွင်(၈၉၀)ဧက၊ မြေစိုမိုးကျေးရွာအုပ်စုတွင် (၉၁၃)ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင် (၈၆၀)ဧက၊ပေါင်လောင်ကျေးရွာအုပ်စုတွင်(၄၅၆)ဧက၊ စုစုပေါင်း(၄၆၅၉)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  

ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုတွင် (၂၉၀၀၀)ဧကလျာထားစိုက်ပျိုးလျက်ရှိပြီး နွေနှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်းသိရသည်။

စုစုအေး(ကျောက်ဆည်)