ပျော်ဘွယ်မြို့နယ်တွင် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒန်း

ပျော်ဘွယ် မေ  ၆

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အရုဏ်ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၆ နာရီခွဲက ပျော်ဘွယ်မြို့၊ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအာသဘနှင့် ဆရာတော်၊ သံဃာတော်များအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များက အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး ပန်းစုံကျောင်းတိုက်ဆရာတော်ထံမှ အနုမောဓနာတရားဟောကြားခဲ့သည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း၊ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များသည် မြို့နယ်ရှိ ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ဆေးနှင့်အလှူငွေများ လှူဒါန်းခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)