မြစ်သား မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများ၊ သားဖွားဆရာမများမှမြို့ပေါ် (၆) ရပ်ကွက်ရှိကိုယ်ဝန် ဆောင်မိခင်များနှင့်မွေးကင်းစမှ (၁) နှစ်ခွဲအောက်ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်းကို မေလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါမိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးရာတွင် မြို့ပေါ် (၆) ရပ်ကွက်ရှိမွေးကင်းစမှ (၁) နှစ်ခွဲအောက် ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေး ရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့် သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင်မိခင်များ နှင့်မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များအား လစဉ် သတ်မှတ် ရက်များတွင် ကာကွယ်ဆေးများကိုဆက်လက်ထိုးနှံ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)