မန္တလေးငလျင်ကြောင့် ပျက်စီးသွားသောရွှေကြက်ကျဗုဒ္ဓ ဆင်းတုတော်ဘုရားပြန်လည်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး

အမရပူရ မေ ၆

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ရွှေကြက်ကျဘုရားသို့ ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က မန္တလေးငလျင်ကြောင့် ပျက်စီးသွားသော ရွှေကြက်ကျစေတီ၌ ကိုးကွယ် ထားသော ဗုဒ္ဓဆင်းတုတော်ဦးပြန်လည်ပြင်ဆင်နေမှုကို  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် လာရောက်ကြည့်ရှုခဲ့သည်။

အဆိုပါလာရောက်စစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးကျော်တေဇ၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးတင့်နိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းတိုးဝင်းတို့က ကြိုဆိုခဲ့ရာ ဒုတိယဗိုလ်ချုပ်ကြီးမှ ပြင်ဆင်နေမှုနှင့်ပတ်သက်ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

စိုးသီဟ(အမရ)