မန္တလေးတိုင်းဒေသကြီး

(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဦးလှထွန်း မေတ္တာရိပ်မွန် ကင်ဆာဖောင်ဒေးရှင်းသို့ နေ့လယ်စာနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်

 (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လူနာများအား နေ့လယ်စာအဟာရဒါနအလှူနှင့် ဆေးပဒေသဘင်လှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကင်ဆာဖောင်ဒေးရှင်း၌ ဆောင်ရွက်သည်။

တံတားဦးမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချပေး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်ဦ တံတားဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/သူများအား စတုတ္ထနေ့အဖြစ် ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပို့ချခြင်းကို ယမန်နေ့နံနက်(၈)နာရီက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကထိကများ သင်ကြားပို့ချဆောင်ရွက်ကြကြောင်း သိရသည်။

တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာတွင် သတ္တမအကြိမ်မြောက် နွေရာသီဗုဒ္ဓစာပေယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းကျင်းပ

တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်းတွင် သတ္တမအကြိမ်မြောက် နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ(၄)ရက်နေ့ ညနေ(၅)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် (၇၉)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အရုဏ်ဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

(၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အာရုံဆွမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၆) နာရီခွဲက ပျော်ဘွယ်မြို့၊ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာငလျင်ဒဏ်သင့် ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ငလျင်ဒဏ်သင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်နိုင်ရေး ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးကြီးကြပ်မှုဖြင့် စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးခြင်းအဖွဲ့မှ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများကို ဖျောက်ဆိပ်ပင်ကျေးရွာ ဓမ္မာရုံတွင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေး အရုပ်ဆက်ပြိုင်ပွဲကျင်းပ

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်ကြသည့် မူလတန်းအဆင့် ကလေးများစုပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး အရုပ်ဆက် ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်းချိုသာစွာဖြင့်  စားအုန်းဆီများရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ကျောက်ဆည်ခရိုင်အတွင်း နေထိုင်ကြသောပြည်သူများ စားသုံးဆီအခက်အခဲမရှိစေရေး စားအုန်းဆီတင်သွင်းဖြန့်ဖြူးလျက်ရှိသော ကုမ္ပဏီများနှင့်ဆက်သွယ်၍ စားအုန်းဆီများဝယ်ယူ၍ စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများတိုက်ကျွေး

မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများ တိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်လုံးနိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကုန်းပရိယတ္တိ စာသင်တိုက်အတွင်းနှင့်ဇိနထွဠ်တင်ပုညရှင် ဘုရားဝန်းအတွင်း ဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းကုန်းရပ်ကွက်အတွင်းရှိ မင်းကုန်းပရိယတ္တိ စာသင်တိုက်အတွင်းနှင့် ဇိနထွဠ်တင်ပုညရှင်ဘုရားဝင်းအတွင်း ဘုရားရင်ပြင်တော်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်‌နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို ပြန်လည်ဖြေဆိုမည့်ကျောင်းသား/သူများအား Day Camp စခန်းသွင်းလေ့ကျင့်သင်ကြားပို့ချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်  မြစ်သားမြို့ နယ်ရွှေသူဌေးရပ်ကွက်ရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲကို ပြန်လည်ဖြေဆိုကြမည့်ကျောင်းသား/သူများအား Day Camp စခန်းသွင်းပြီး ကျောက်ဆည်တက္ကသိုလ်မှ ဆရာ/ဆရာမများက ယမန်‌နေ့နံနက်ပိုင်းအချိန်က လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး