စဉ့်ကိုင်မြို့နယ်၌ ပျားရောဂါကာကွယ်ကုသရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင် မေ ၉

မန္တလေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲရုံးမှကြီးမှူး၍ ပျားအုံများဖွံ့ဖြိုးတိုးတက်ပြီး အရည်အသွေးကောင်းမွန်သော ပျားရည်များထုတ်လုပ်နိုင်ရန်၊ ပျား‌ရောဂါကာကွယ်ကုသရေးနည်းလမ်းများကို စနစ်တကျ အသုံးချပြီး ပျားရည်ဈေးကွက်များ ပိုမို တိုးတက်လာကာ အကျိုးအမြတ်ပိုမိုရရှိလာ‌စေရန် စသည်တို့ကို ရည်ရွယ်၍ ပျားရောဂါကာကွယ် ကုသ‌ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပျားမွေးမြူမှုဖွံ့ဖြိုးရေး ဌာနခွဲ၊ မြို့နယ်တာဝန်ခံရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးမောင်တင့်က အဖွင့်အမှားစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဒုတိယညွှန်ကြားရေးမှူး တိုင်းဒေသကြီး ‌တာဝန်ခံ ဦးမောင်တင့်နှင့် နည်းပြဆရာ (၅)ဦးတို့က  သင်တန်းသား (၅၀)ဦးအား စာတွေ့လက်တွေ့ ပို့ချသင်ကြား‌ပေးခဲ့‌ကြောင်း သိရှိရပြီး အဆိုပါသင်တန်းအား ၉-၅-၂၀၂၅ရက်နေ့မှ ၁၃-၅-၂၀၂၅ရက်နေ့ထိ ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်) (၃၉၉)