ချမ်းအေးသာစံမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် ခွဲစိတ်ခန်းသုံးစက်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှုဒါန်းပွဲ ကျင်းပ

ချမ်းအေးသာစံ မေ ၉

ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်၊ ၂၉ x ၃၀လမ်းကြား၊ ၇၄ x ၇၇လမ်းကြားရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းနှင့် ဝိသာခါဖောင်ဒေရှင်းအဖွဲ့မှ ခွဲစိတ်ခန်းသုံး စက်ပစ္စည်းများနှင့် ခွဲစိတ်ခန်းများပြုပြင်ရန် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို အထွေထွေရောဂါကုဆေးရုံကြီး ခွဲစိတ်ခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌဦးအိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဝိသာခါဖောင်ဒေးရှင်းမှ နာယကပါမောက္ခ ဒေါက်တာဝင်းမင်းသစ်၊ ဥက္ကဋ္ဌဒေါက်တာ စုလှဟန်တို့မှ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၌ ရင်သားခွဲစိတ်ဆောင်ရွက်ရာတွင် အသုံးပြုလျက်ရှိသည့် ခွဲစိတ်ခန်းသုံးစက်ပစ္စည်းများနှင့် ခွဲစိတ်ခန်းများ ပြုပြင်ရန်အတွက် အလှူငွေများ လှုဒါန်းခဲ့ကြသည်။

အဆိုပါလှုဒါန်းမှုအခမ်းအနားကို ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ လှလှဋ္ဌေး နှင့်ခွဲစိတ်ဆရာဝန်များ၊ သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုက်ထွန်းမှ ခွဲစိတ်ခန်း(၂)ခန်းအတွက် ပြန်လည်ပြုပြင်ရန်နှင့် ခွဲစိတ်ခန်းသုံးစက် ကိရိယာများ စုစုပေါင်းလှုဒါန်းငွေ ကျပ်သိန်း(၅၇၀၀)အားလည်းကောင်း၊ ဝိသာခါဖောင်ဒေးရှင်းမှ နာယကပါမောက္ခ ဒေါက်တာဝင်းမင်းသစ်၊ ဥက္ကဋ္ဌဒေါက်တာ စုလှဟန်တို့မှ ခွဲစိတ်ခန်း (၃)ခန်းအတွက် ပြန်လည်ပြုပြင်ရန်နှင့် ခွဲစိတ်ခန်းသုံးစက် ကိရိယာများ စုစုပေါင်းလှုဒါန်းငွေ ကျပ်သိန်း (၄၇၀၀)အားလည်းကောင်း အသီးသီးလှူဒါန်းခဲ့ကြသည်။

ခွဲစိတ်ခန်းသုံးစက် ကိရိယာများနှင့်လှုဒါန်းငွေများကို ပါမောက္ခ/ဌာနမှူး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ အောင်ခိုင်ဇံမှ လက်ခံရယူကာ ကျေးဇူးတင်စကားများပြောကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်