မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို မေလ(၃၀)ရက်၊ နံနက်(၈)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း (ပန်းစုံ)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေး အန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ကူ ညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်း အချိန်က မြို့နယ်မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအသင့်စုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ၁၀၀ ဧကစိုက်ပျိုးပြီး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၁၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။

မြစ်သားမြို့နယ်နှင့် ကူမဲမြို့ရှိစက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းသတ်မှတ်စျေးအတိုင်း ရောင်းချခြင်း သတ်မှတ်ခွင့်ပြုထားသည့်လိုင်စင်များ ပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့်ကူမဲမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းသတ်မှတ်စျေးအတိုင်း ရောင်းချခြင်းသတ် မှတ်ခွင့်ပြုထား သည့်လိုင်စင်များ ပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင် ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်း‌စစ်ဆေး ဆောင်ရွက်ခဲ့သည်။

ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၁×၆၈ လမ်းထောင့်ရှိ သားဖွားသင်တန်းကျာင်း (မန္တလေး)တွင် ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၉ နာရီတွင်ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာန၌ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာအမျိုးမျိုးလူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူပေါင်းဖွင့်လှစ်သည့် ခေါင်းလျှော်ရည်နှင့်ဆပ်ပြာအမျိုးမျိုး လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အားကြိုဆိုဂုဏ်ပြု စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ရန်မျိုးအောင်)တွင် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက် ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ လက်ခံ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅ ခုနှစ် မေလ(၂၂)ရက်နေ့မှ စတင်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို လက်ခံပေးလျက်ရှိသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂ ခုနှစ်အတွက် မိုးရာသီအတွက် စိုက်ပျိုးမည့် ပျိုးပင် မျိုးစုံပေါင်း (၃၀၀၀၀)ပင် ပြုစုပျိုးထောင်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦမြို့နယ် သစ်တောဦးစီးဌာနတမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်မျိုးစုံပေါင်း(၃၀၀၀၀)ပင်ကို  တံတားဦးမြို့ သစ်တောဦးစီးဌာန သင်ပန်း ပျိုးဥယျာဉ်ခြံတွင် ပြုစုပျိုးထောင်ထားရှိကြောင်းသိရသည်။

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ဘေးရှောင်စခန်းများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးများ တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ဘေးရှောင် စခန်းများတွင် ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးလျက်ရှိရာ  မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့် ပြည်သူများအား တတိယအကြိမ်တိုက်ကျွေးခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး