မြစ်သား မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့်ကူမဲမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းသတ်မှတ်စျေးအတိုင်း ရောင်းချခြင်းသတ် မှတ်ခွင့်ပြုထား သည့်လိုင်စင်များ ပြည့်စုံမှုရှိ/မရှိကွင်းဆင်းစစ်ဆေးဆောင် ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထို့သိုကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်း၊ ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဇော်နှင့် မီးသတ်ဦးစီးဌာနမှ ကူမဲမြို့တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများဦးဆောင်၍ မြစ်သားမြို့နယ်နှင့် ကူမဲမြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရည်ညွှန်းသတ်မှတ်စျေးအတိုင်းရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ခွင့်ပြုထားသည့်လိုင်စင်များ ပြည့်စုံမှုရှိ/မရှိ၊ အရောင် မှိန်နေသည့်ဆိုင်းဘုတ်များ သင့်လျော်သည့်ဆေး အရောင်နှင့်ပြင်ဆင်ထားရှိစေရေးနှင့် ငလျင်ဒဏ်ကြောင့်စက်သုံးဆီအရောင်းဆိုင် အဆောက်အဦများထိခိုက်မှု ရှိ/မရှိ လိုက်လံစစ်ဆေးဆောင်ရွက်ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ဝင်းမင်းထွန်း