ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ဘေးရှောင်စခန်းများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးများ တိုက်ကျွေး

ချမ်းမြသာစည်   မေ ၃၀

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မဟာအောင်မြေခရိုင်၊ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ဘေးရှောင် စခန်းများတွင် ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးအနေဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးလျက်ရှိရာ  မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့် ပြည်သူများအား တတိယအကြိမ်တိုက်ကျွေးခဲ့ကြသည်။

ထိုသို့ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးရာတွင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ငလျင်ရှောင်စခန်းများဖြစ်ကြသော သီရိမင်္ဂလာယာယီစခန်းမှ  အိမ်ထောင်စု ၈၃ စု၊ရွာလယ် ဘုန်းတော်ကြီးကျောင်း ယာယီစခန်းမှ အိမ်ထောင်စု ၁၅၃ စု၊ ဧရာထွန်းယာယီစခန်းမှ အိမ်ထောင်စု  ၄၆၉ စု၊ အောင်မြေရွှေဘုံယာယီစခန်းမှ  အိမ်ထောင်စု ၁၀၂ စု တို့ကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဧရာထက် ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုများက တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့