ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၃၀

ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၃၁×၆၈ လမ်းထောင့်ရှိ သားဖွားသင်တန်းကျာင်း(မန္တလေး)တွင် ဘက်စုံသားဖွားဒီပလိုမာသင်တန်းသူများအား အလုပ်ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်  နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ သားဖွားသင်တန်းကျောင်း၊ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ဗဟိုအမျိုးသမီးဆေးရုံအုပ်ကြီး ဒေါက်တာဝင်းပပဝင်းနှင့် အဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဥက္ကဋ္ဌ၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်နှင့် ပညာရေးအဖွဲ့ဝင်များ၊ ကျောင်းအုပ်များနှင့်နည်းပြများ၊ သင်တန်းသူ(၁၁၃)ဦး၊ စုစုပေါင်း ၁၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားပြီးလူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်တို့မှ ဘက်စုံသားဖွားဒီပလိုမာ သင်တန်းသူများအားအလုပ်ခန့်အပ်လွှာပေးအပ်ခဲ့ကြသည်။ ထို့နောက် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်မှ ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနား ပြီးမြောက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်