ညောင်ဦး မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သူကောင်းတည်မြစ်ရေတင်ဖြင့် နွေစပါး ဧက ၁၀၀ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် မြစ်ရေတင်စနစ် မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးရန် မတ်လတွင် ပျိုးစတင် ပျိုးထောင်ခဲ့ကြောင်း ဧပြီလဆန်းပိုင်းက စတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွှေ့ပြောင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ဆိုလာစနစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဆင်းသုခ၊ မနောသုခ၊(GW-11)၊အောင်နိုင်တိုး စပါးမျိုးများကို တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်းရွှေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီး ရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါး စိုက်တောင်သူများကရှင်းပြ၍သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် နွေစပါးစိုက် တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် (၆၀၀၀) ကျပ် ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ (၉၀၀၀) ကျပ် ပေးရကြောင်း၊ အခြားသီးနှံအတွက် (၃၀၀၀) ကျပ်ပေးသွင်းရကြောင်းသိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးများ အထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်းတန်လွန်းကြောင်း နွေစပါးစိုက်ပျိုးတောင်သူများထံက သိရသည်။
ဒီပါလင်း