တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂ ခုနှစ်အတွက် မိုးရာသီအတွက် စိုက်ပျိုးမည့် ပျိုးပင် မျိုးစုံပေါင်း (၃၀၀၀၀)ပင် ပြုစုပျိုးထောင်ထားရှိ

တံတားဦး မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦမြို့နယ် သစ်တောဦးစီးဌာနတမှ ၂၀၂၅ ခုနှစ် မိုးရာသီအတွက် စိုက်ပျိုးကြမည့် ပျိုးပင်မျိုးစုံပေါင်း(၃၀၀၀၀)ပင်ကို  တံတားဦးမြို့ သစ်တောဦးစီးဌာန သင်ပန်း ပျိုးဥယျာဉ်ခြံတွင် ပြုစုပျိုးထောင်ထားရှိကြောင်းသိရသည်။

အဆိုပါစိုက်ပျိုးထားရာတွင် ဒေသပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ချစ်မြတ်နိုးတက်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် ထင်းသုံးစွဲမှု ဖူလုံစေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသရေမြေနှင့် ကိုက်ညီမှုရှိသည့် ပျိုးပင်မျိုးစုံကို ပျိးထောင်ထားရှိပြီး နှစ်စဉ်မိုးရာသီကာလတွင် ဖြန့်ဝေစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ်မိုးရာသီကာလအတွင်း လူထုဖြန့်ဝေစိုက်ပျိုးရန်အတွက် ဒေသရာသီဥတုနှင့်ကိုက်ညီသော ကုလားကုက္ကို(၈၀၀၀)ပင်၊ တမာ(၅၀၀၀)ပင်၊ မန်းကျည်း(၃၀၀၀)ပင်၊ မြန်မာကုက္ကို(၃၀၀၀)ပင်၊ မယ်ဇယ်(၁၀၀၀)ပင်၊ ယူကလစ်(၁၀၀၀၀)ပင် စုစုပေါင်း(၃၀၀၀၀)ပင် တို့ကိုပြုစု ပျိုးထောင်ထားရှိကြောင်းသိရသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယခုနှစ်မိုးရာသီကာလတွင် စိုက်ပျိုးရန် ဌာနဆိုင်ရာများအတွက်(၅၀၀၀)ပင်၊ တစ်ရွာ(၂)ဧကအတွက်(၆၀၀)ပင်၊ သစ်ပင်စိုက်ပျိုးပွဲအတွက် (၁၅၀)ပင်၊ လမ်းဘေးဝဲ၊ ယာစိုက်ပျိုးရန် အတွက်(၂၈၃)ပင်နှင့် ပြည်သူလူထုဖြန့်ဝေရန်အတွက်(၂၃၉၆၇)ပင် တို့ကို ပြုစုပျိုးထောင်းရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

ရဲတင့်( ပြန်/ဆက်)