မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့တွင် သစ်လွင်သားဖွားများအား တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ သစ်လွင်သားဖွားများအား  တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အမရပူရမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌအသစ်ရွေးချယ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် စာရေးဆရာအသင်းတွင် လစ်လပ်လျက်ရှိသော စာရေးဆရာအသင်းဥက္ကဋ္ဌ နေရာရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ သင်ကြားမှုများကို ဇွန်လ ၂ ရက်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်လျက်ရှိရာ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပြန်လည်ထူထောင်ပေးနိုင်ရေး အမျိုးသမီးများ အလုပ်အကိုင်အခွင့်များ ပေါ်ထွန်းလာစေရန် စက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ဇီးကျင်းကျေးရွာတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်မိသားစုဝင်ငွေတိုးရေး စီးမံကိန်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်နည်းပညာသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှ သိရသည်။

၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုနေကြသည့် စာဖြေသံဃာတော်များ၊ သီလရှင်များအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်ကြည်ညို

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ခေတ္တရွှေ့ဆိုင်းထားရသော ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဇွန်လ ၂ ရက် နေ့မှစတင်၍ ပြန်လည်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၉) မြို့နယ်ရှိ သတ်မှတ်စာဖြေဌာနများ၌ သံဃာတော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့်ဖြေဆိုနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးသာသနာရေး ဦးစီးမှူးနှင့် တာဝန်ရှိသူများလိုက်ပါပြီး  မွန်းလွဲပိုင်းက သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါပြီး ဇွန်လ (၂) ရက်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားနေမှုများ၊ ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌  ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာစာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို စနစ်တကျ စိစစ်ထုတ်ပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများတွင် ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဆရာ၊ ဆရာမများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီး‌‌ကျောင်းများရှိ ကျောင်းသား/သူများအား စတင်ပညာသင်ကြား‌‌ ပေးလျက်ရှိကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြိး ငါန်းဇွန်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မကူးစက်တတ်သောရောဂါများ ရှာဖွေကုသခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗီယက်နမ်ဆရာတော်ဦးဆောင်သော ဘာသာရေးအဖွဲ့ ငလျင်ဒဏ်သင့် ကျောင်းသား၊ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်

ဗီယက်နမ်ဆရာတော်နှင့်အဖွဲ့သည် ငလျင်ဒဏ်သင့်ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၊ လမ်း ၈၀၊ ၃၂×၃၃ လမ်းကြားရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာရိပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအောင်မြေမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ (၄၇၀၈၆)ဦး ပညာသင်ကြား

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ‌အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူ (၄၇၀၈၆)ဦးရှိပြီး ကျောင်းသား‌/ကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး