အမရပူရ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် စာရေးဆရာအသင်းတွင် လစ်လပ်လျက်ရှိသော စာရေးဆရာအသင်းဥက္ကဋ္ဌ နေရာရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ စာရေးဆရာအသင်းနာယက ဆရာမင်းစော(တောင်သမန်)က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောစာရေးဆရာများက မိတ်ဆက်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ဥက္ကဋ္ဌနေရာအား စာရေးဆရာ ၁၁ ဦးမှ မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ရာ ဆရာ ပြည့်ဖြိုးသီ ၉ မဲဖြင့် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရရသည်။ ရွေးချယ်ခံဥက္ကဋ္ဌဦးမောင်မောင်ကြီး ကလောင်အမည် ပြည့်ဖြိုးသီမှ ရှေ့ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များတွင် အားလုံးပါဝင်ကြရန်နှင့် စာဖတ်သူတိုးပွားရေးလုပ်ငန်းစဥ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်တို့ကို တိုက်တွန်းပြောကြားပြီးအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)