မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

‎‎မဟာအောင်မြေ ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်မှုကို မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၅၂)စု လူဦးရေ (၅၁၈) ဦးအား တစ်ဦးလျှင် ဆန် (၆) ပြည် (၄) ဗူးနှင့်ရေသန့် (၂) ဗူးအား    ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ဆက်လက်ပေးအပ်ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

‎‎အောင်ဇော်မင်း