ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ စာအုပ်များလှူဒါန်းခြင်းနှင့် စာအုပ်များ ပညာရပ်များခွဲပေးခြင်း၊ စာအုပ်များအနှောင့်ကပ်‌ပေးခြင်းများ ဆောင်ရွက်ပေး

ပြည်ကြီးတံခွန် ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်စာအုပ်များ စနစ်တကျ ထားရှိ‌‌စေရေးအတွက် စာအုပ်များလှူဒါန်းကာ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များကို ပညာရပ်ခွဲပေးခြင်း၊ စာအုပ်အနှောင့်များကပ်ပေးခြင်းများ ဆောင်ရွက်‌ပေးခဲ့သည်။

အဆိုပါ ကျောင်းစာကြည့်တိုက်တွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက မြန်မာ့‌ရှေးရိုးပန်းချီဗုဒ္ဓဝင်စာအုပ်နှင့် ပန်းအလင်္ကာဗုဒ္ဓဖြစ်တော်စဉ် သမိုင်းစာအုပ် (၂) အုပ်ကို အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်တာဝန်ခံ အထက်တန်းပြကျောင်းဆရာ ဦးဟိန်းစိုးထံ လှူဒါန်းခဲ့ပြီး ယင်းစာကြည့်တိုက်တွင် တစ်ပတ်လျှင် (၂) ကြိမ်ဖွင့်‌လှစ်ပေးပြီး သုတ၊ ရသစာအုပ်ပေါင်း (၂၀၀၀) ကျော်ရှိရာ ကျောင်းသား/ကျောင်းသူ (၁၀၀) ကျော် လာရောက်ဖတ်ရှုကြကြောင်း သိရပါသည်။

ဇင်မင်းမောင်