မဟာအောင်မြေမြို့နယ်၌ (၁၈) ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မဟာအောင်မြေ ဩဂုတ် ၁

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်ရှိ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်မှုကို မဟာအောင်မြေမြို့နယ် အိမ်ထောင်စု၊ လူဦးရေအလိုက် တစ်ဦးလျှင် ဆန် (၆) ပြည် (၄) ဗူးနှင့် ရေသန့် (၂) ဗူးအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ဆက်လက်ပေးအပ် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း