ပြင်ဦးလွင်မြို့နယ်အတွင်း စပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စပါးတိုက်ရိုက် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
ဒေသခံတောင်သူများအနေဖြင့် တစ်ဧက ကုန်ကျစရိတ်သက်သာစေရန်နှင့် စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ ခုနှစ် စပါးမျိုးစေ့ချ ကိရိယာ (Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၀၁)၊ ဦးပိုင်အမှတ် (၅၄/ ၃) ရှိ ဒေသခံတောင်သူ ဦးမြင့်အောင်၏ လယ်မြေ (၁.၀၀) ဧကအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။