ကျောက်ဆည် ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်း အဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၆၇၂)ပိဿာ ရောင်းချပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးသောစားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ(၆၁၃၀)ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရောင်းဈေး (၁)ပိဿာ(၇၂၂၀)ကျပ်နှုန်းဖြင့် ဆီအရောင်းဆိုင်ဖြစ်သည့် ဦးအောင်လွင် နေလသုခစားသုံးဆီ လက်လီ၊ လက်ကားဆိုင်နှင့် နေလသုခ-၂ စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ဖောင်ရွာရပ်ကွက်နှင့် ဒါန်းတိုင်ကျေးရွာသို့ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။
စုစုအေး (ကျောက်ဆည်)