မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူငယ်စကားဝိုင်းဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

မန္တလေး ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယ‌နေ့မွန်းလွဲ ၁နာရီက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်း‌ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ သုတရသစာအုပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။

အဆိုပါ ကျင်းပပြုလုပ်ရာတွင်  မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က လူငယ်စကားဝိုင်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လူငယ်စကားဝိုင်းတွင် တက်ရောက်လာသည့်  ကျောင်းသူလေးများမှ ဆွေးနွေးပြောကြားခဲ့သည်။ ယင်းပြပွဲပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲများတွင် အ.ထ.က(ခွဲ)လ-၂၅ကျောင်းမှ ကျောင်းသူ (၁၆) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများလည်း ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး အထ.က(ခွဲ)လ-၂၅ကျောင်းမှ ကျောင်းသူလေးများက ခင်းကျင်းပြသထားသော သုတရသစာအုပ်စာစောင်များအား ဖတ်ရှု့လေ့လာခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်