မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ရောင်းချ‌ပေး​

မြစ်သား ဩဂုတ် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မအနောက်ရပ်ကွက် မြစ်သားစည်ပင်သာယာဈေးအဝင်ပေါက်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေးရောင်းချခြင်းကို ဇူလိုင်လ (၂) ရက်နေ့ နံနက် (၇) နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များက ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာ ဒေသခံပြည်သူများမှ လာရောက်ဝယ်ယူခဲ့ကြသည်။ ထို့သို့ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀/-ကျပ်ဖြင့် ပိဿာပေါင်း ၃၀ ပိဿာအား လည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၅၀၀၀/-ကျပ်ဖြင့် ပိဿာပေါင်း ၃၀ ပိဿာအားလည်းကောင်း၊ ဆိတ်သား ၁ပိဿာ ၂၈၀၀၀/- ကျပ်ဖြင့် ပိဿာပေါင်း ၁၀ ပိဿာအားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၁၈၀၀၀/- ကျပ်ဖြင့် ပိဿာပေါင်း ၂၀ ပိဿာအားလည်းကောင်း၊ ကြက်ဥ ၁ လုံး ၄၀၀/- ကျပ်ဖြင့် ၁၅၀၀ လုံးအားလည်းကောင်း၊ သုခရှယ် ဆန် ၁ ပြည် ၃၃၀၀/- ကျပ်ဖြင့် (ဆန်ပြည်‌ပေါင်း ၄၈ ပြည်)အားလည်းကောင်း၊ စားအုန်းဆီ၁ ပိဿာ ၇၅၀၀/- ကျပ်ဖြင့် ပိဿာပေါင်း ၁၁၀ ပိဿာအားလည်းကောင်း၊ ခရမ်းချဉ်သီး ၁ ပိဿာ ၂၀၀/- ကျပ်ဖြင့်ပိဿာပေါင်း ၈၀ ပိဿာတို့အား ပြင်ပ‌ပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)