မြစ်သား ဩဂုတ် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှုမရှိစေရေး အသိပညာပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းအချိန်က မြင်းခြံ-ရေဝန်းကားလမ်း ဘူတာရပ်ကွက်နှင့် မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက်တို့တွင် ဆောင်ရွက်လျက်ရှိသည်။
မြစ်သားမြို့နယ်၊ မြင်းခြံ-ရေဝန်းကားလမ်း ဘူတာရပ်ကွက်တွင် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့်ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်သားမြို့မရဲစခန်းမှ ဒုတိယရဲမှူး လင်းလင်းထွန်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံစိုး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်၊ မိုင်းမောတပ်နယ်မှ ဗိုလ်ကြီး ဝေယံစိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက် မြို့နယ်ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ မြစ်သားမြို့နယ်၊ သာလွန်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းနှင့် ယာဉ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိုင်းမောတပ်နယ်မှ ဗိုလ်ကြီးဝေယံကျော်၊ ကူမဲနယ်မြေရဲစခန်းမှ ဒုတိယစခန်းမှူး ဒုရဲအုပ် အောင်ဇော်ဇော်၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ ကူမဲမီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဆက်ညီညီသန့်နှင့် အုပ်ချုပ်ရေး မှူးများပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် လိုင်စင်မဲ့မောင်တော်ယာဉ် များစီးနှင်းမောင်းနှင်မှုမရှိစေရေး၊ တရားမဝင်ကုန်ပစ္စည်းများ၊ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများဝင်ရောက်မှုမရှိစေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံမှုရှိစေရေးအတွက် ရှောင်တခင်စစ်ဆေးခြင်း၊ PSMS Software စနစ် သုံး၍စစ်ဆေးခြင်း၊ ပြည်သူများယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)