ညောင်ဦးမြို့ ရွှေစည်းခုံးစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း ရွှေပြည့်အောင်ပွဲ ဗုဒ္ဓစွယ်တော်မြတ် လှည့်လည်အပူဇော်ခံ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အနော်ရထာမင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးမြောက်ခြင်း အောင်ပွဲအထိမ်းအမှတ် မြို့တွင်းဗုဒ္ဓစွယ်တော်မြတ်လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၇ နာရီက လှည့်လည်ပူဇော်ပွဲကျင်းပခဲ့သည်။