ကျောက်ဆည် နိုဝင်ဘာ ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးအေးထွန်းသည် တာဝန်ရှိသူများလိုက်ပါ လျက် နိုဝင်ဘာ(၁၃)ရက် မွန်းလွဲ(၁)နာရီခွဲက ဆည်တော်နံရွှေမုဌောဘုရားရင်ပြင်တော်ရှိဓမ္မာရုံ၌ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော အနော်ထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ကျောက်ဆည်မြို့ ရွှေသာလျောင်တောင်ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး ဂေါပကအဖွဲ့ထံသို့ အလှူငွေ(၂၀၀)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်းရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ဆည်တော်နံ ရွှေမုဌောဘုရားကြီး၏ ဦးစီးနာယကပဓာန ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစက ဏ္ဍိတထံမှ ဩဝါဒါကထာနာယူကြည်ညိုပြီး ဒုတိယဝန်ကြီးဦးအေးထွန်းက ဆရာတော်ကြီးများထံသို့ လှူဘွယ်ပစ္စည်းများနှင့် ရွှေသာလျောင်ဂေါပကအဖွဲ့ထံသို့ ရွှေသာလျောင်တောင်ပေါ်ရှိ ဆုတောင်းပြည့် ဘုရားကြီးပြန်လည်ပြုပြင် မွမ်းမံနိုင်ရေး အလှူငွေ(၂၀၀)သိန်းကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးက သာသနာရေး ဆိုင်ရာများလျှောက်ထားခဲ့ပြီး ဘဒ္ဒန္တပညာသာမိ မဟာဂန္ဓဝါစက ကဏ္ဍိတဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းချတရား ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။
ရွှေသာလျောင်တောင်ပေါ်ရှိ ဆုတောင်းပြည့်ပင်မစေတီးတော်ကြီးသည် ငလျင်လှုပ်ခတ် မှုကြောင့် ဖောင်းရစ်နေရာမှပြိုကျခြင်း၊ အရံစေတီ(၁၁)ဆူ ပြိုအက်မှုများဖြစ်ပေါ်ခြင်း၊ သာသနိက အဆောက် အဦး(၈)ခု ပြိုအက်ခြင်းနှင့် ဘုရားရင်ပြင်တော်(၂)နေရာ နိမ့်ကျွံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)