ချမ်းအေးသာစံ နိုဝင်ဘာ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အစီအစဥ်အရ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာညိုညိုတင်က တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုံးမသြဝါဒစကားများနှင့် ဗဟုသုတများစွာရရှိနိုင်စေရန် အသိပညာပေးဟောပြောရာတွင် သေချာလိုက်နာ မှတ်သားရန်မှာကြားခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က “ဗလငါးတန်သိကောင်းစရာအကြောင်းအရာများ၊ နည်းပညာသုံးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးအကြောင်း အရာများ” ကို လူငယ်များဗဟုသုတများစွာ ရရှိစေရန် ဟောပြောခဲ့သည်။ အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)