အမရပူရ နိုဝင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က စတင်ခဲ့သည်။
အဆိုပါ မြို့နယ်အဆင့်၊ အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အမရပူရမြို့၊ လေးစုရပ်ရှိ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်း၌ နည်းပြ ၁၈ ဦး၊ သင်တန်းသား၊ သင်တန်းသူ ၇၀၅ ဦးကိုလည်ကောင်း၊ မြို့နယ်အဆင့် အလယ်တန်းအဆင့်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မှန်တန်းရပ်ရှိ မှန်တန်းအခြေခံပညာအလယ်တန်းကျောင်း၌ နည်းပြ ၁၈ ဦး၊ သင်တန်းသား၊ သင်တန်းသူ ၂၅၃ ဦးကိုလည်ကောင်း၊ မြို့နယ်အဆင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ်(၂)၊ အခြေခံပညာ အထက်တန်းကျောင်း၌ နည်းပြ ၄၄ ဦး၊ သင်တန်းသား၊သင်တန်းသူ ၆၆၅ ဦးကိုလည်းကောင်း အသီးသိးဆွေးနွေးပို့ချလျက်ရှိသည်။
ယနေ့ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပို့ချနေသည့် ကျောင်းများသို့ အမရပူရမြို့နယ် ပညာရေးမှူး ဒေါ်ထားထားစိန်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယခုဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၁၆ ရက်နေ့အထိ သုံးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးသီဟ(အမရ)