ညောင်ဦး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အနော်ရထာမင်းကြီးနှင့်ကျန်စစ်သားမင်းကြီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးမြောက်ခြင်း အောင်ပွဲအထိမ်းအမှတ် မြို့တွင်းဗုဒ္ဓစွယ်တော်မြတ်လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၇ နာရီက လှည့်လည်ပူဇော်ပွဲကျင်းပခဲ့သည်။
ရွှေစည်းခုံးစေတီတော်ကြီး လုံးတော်ပြည့် ရွှေပြည့်အောင်ပွဲ မြို့တွင်းစွယ်တော်မြတ် မြို့တွင်းလှည့်လည်အပူဇော်ခံရာ ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စွယ်တော်မြတ်အား ပင့်ဆောင်၍ ရွှေစည်းခုံဘုရား တောင်ဘက်မေတ္တာစောင်းတန်းမှ ပင်ဆောင်၍ မြို့တွင်းလှည့်လည်အပူဇော်ခံမည့် ရတနာဆင်ပေါ်သို့ ပင့်ဆောင်သည်။
ထို့နောက် ရွှေစည်းခုံစေတီတော် ဩဝါဒါစရိယဆရာတော်များ၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် မြို့တွင်းသို့ ရတနာပုံဝင်း၊ ပုဂံဝင်း၊ နရည်းခုံ၊ ရွှေစည်းခုံပုံစံတူစေတီ၊ ပန်းခြင်းပူဇော်ခြင်းတို့ဖြင့် ဗုဒ္ဒစွယ်တော်မြတ်အား လှည့်လည်ပူဇော်ခံကာ ရွှေစည်းခုံစေတီတော် အရှေ့ဘက်မုခ်မှ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝင်ရောက်၍ ရွှေစည်းခုံစေတီတော်အား လက်ယာရစ် လှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။
ဒီပါလင်း