မန္တလေးတိုင်းဒေသကြီး

ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၃၉) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပခြင်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ)၊ ဗုဒ္ဓဘိသေက အနေကဇာတင်ပူဇော်ပွဲ တက်ရောက်ကြည်ညို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ) ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းကို ယနေ့  နံနက် ၇ နာရီ ၄၅ မိနစ်အချိန်က ရွှေစည်းခုံစေတီ‌တော်ကြီး အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဘက်ရှိ ကြေးဂူတိုက် ၄ တိုက်တို့တွင် ဆရာတော်အရှင်သူမြတ်များကတစ်ပြိုင်နက် ဗုဒ္ဓဘိသေကအနေကဇာတင်လှူခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်

မန္တ‌လေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒနယ်ပြင်ပသွားရောက်ကျောင်းတက်ကြမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် နိုဝင်ဘာ ၁၇ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့် တာဝန်ရှိသူများက ရဲမွန်တောင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကြိုတင်ဆန္ဒမဲပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ငါန်းဇွန်မြို့နယ်၌ တက္ကသိုလ်တန်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ    

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီမှစ၍ တက္ကသိုလ်တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။

မလှိုင်မြို့နယ်တွင် ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကျောက်မှုန့်မြေဩဇာနှင့် ရွက်ဖျန်းအားဆေးများ အခမဲ့ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်းနေကြာ၊ ဆောင်းကြက်သွန်နီသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် ရည်ရွယ်ကာ ကျောက်မှုန့်မြေဩဇာ၊ ရွက်ဖျန်းအားဆေးများအခမဲ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချခြင်းကို နိုဝင်ဘာ ၁၇ နံနက် ၉ နာရီ ၃၀ မိနစ်က ရေချိုဘူတာကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်ရှိ မန်းမြို့ဈေးအတွင်း စျေးမီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ ကြီးမှူးဖွင့်လှစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ Aureum Place Hotel & Resort ၌ နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး