ပြင်ဦးလွင်မြို့တွင်  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ  ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့် အလှူရှင်များမှ  ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ် ( ၁ ) တပ်မတော်ဆေးရုံ  ကုတင် ( ၇၀၀) တို့အတွက် အောက်စီဂျင်စက်ပေးအပ်လှူဒါန်း

ပြင်ဦးလွင်    နိုဝင်ဘာ      ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့် အလှူရှင်များမှ  ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်  (၁) တပ်မတော်ဆေးရုံ  ကုတင် ( ၇၀၀) တို့အတွက် အောက်စီဂျင်စက်များပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်း(၁၂:၃၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များတက်ရောက်ကြသည် ။

ရှေးဦးစွာ   အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍  အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က  အောက်စီဂျင်စက်များအား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောက်မဲမြို့နယ်ပြည်သူ့ ဆေးရုံကြီး(ကိုယ်စား)  ပြင်ဦးလွင်မြို့၊ ခုတင် - ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံ ၊ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိ နှင့်  အမှတ်(၁) တပ်မတော်ဆေးရုံ  ကုတင် (၇၀၀) (ကိုယ်စား)  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်  ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်း တို့က လက်ခံရယူခဲ့ကြသည် ။        

ဆက်လက်ပြီး အောက်စီဂျင်စက်များအား ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍   ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံကြီး( ကိုယ်စား )  ပြင်ဦးလွင်မြို့ ၊ ခုတင် - ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံ ၊ ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရှိရသည် ။

ခရိုင် ၊ ပြန်/ဆက်