ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ် (၃၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က ကျောင်းသားလူငယ်မောင်မယ်များအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်၊ နည်းပြနည်းစနစ်မှူး ဦးအောင်တိုးက အားကစားသင်တန်းများကို ဝါသနာရှင်ကျောင်းသား/ကျောင်းသူများ တက်ရောက်နိုင်ကြောင်းနှင့် အားကစားနည်းမျိုးအကြောင်းများကို အသီးသီး ဟောပြောဆွေးနွေးကြသည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖူးဝေသိန်းက ကျောင်းသား /ကျောင်းသူများအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ပြန်/ဆက်)