ပြည်ကြီးတံခွန် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးခရိုင်၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ရာ လူငယ်စကားဝိုင်းတွင် အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်းမှ Grade-10 ကျောင်းသူ မရွှေအင်ကြင်းက လူငယ်နှင့်စာပေခေါင်းစဉ် ဖြင့်လည်းကောင်း၊ Grade 11 ကျောင်းသူ မကျော့ကေသီက လူငယ်နှင့် Social Media ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 10 ကျောင်းသား မောင်သက္ကရာဇ်လရောင်က လူငယ်နှင့် မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ယင်းလူငယ်စကားဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒါ်ချိုခင်တို့က ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်နှင့် လှပသာယာပြည်မြန်မာ အသိပညာပေးနံရံကပ်စာစောင်များကိုလည်း တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)