ငါန်းဇွန် နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉ နာရီမှစ၍ တက္ကသိုလ်တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ (၅)ရက်တာကာလအတွင်း မဲပုံးများဖြင့် ဆန္ဒမဲများ ကောက်ယူဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ တက္ကသိုလ်တန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဆန္ဒမဲလက်မှတ်ပေးနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)